Quantcast
Channel: မိုးစက်အိမ်
Viewing all articles
Browse latest Browse all 25

" POP ကဗျာတီထွင်ကြည့်ခြင်း "

$
0
0
"ဘ၀ရဲ့ အနုပညာ "

* * *ဖန်တီးခဲ့ တဲ့ ပန်းချီကားထဲက ကမ္ဘာမကျော်တဲ့  ပြဇာတ်တစ်ပုဒ်

ပိတောက်ပင်ကို အိပ်မက်မက်တဲ့ ကောင်မလေး * * *

* * *နောက်တော့ . . ."သူ ". . . ဖြစ်လာတာက

ဘယ်လမ်းကိုသွားရမှန်းမသိတဲ့  မြေပုံနွမ်းနွမ်းလေးတစ်ရွက် * * *


* * *အဲဒီ ဘ၀ခံစားမှုရဲ့  အနုပညာကို နည်းနည်းလေး

သင်္ဘောမရှိတဲ့  ပင်လယ်ပြင်ဖြတ်ရသလို "ကုန်း "တွေကိုပျောက်လို့  * * *

* * * အံထုတ်ပစ်ချင်တဲ့  ဝေါဟာနဲ့  ပုံသဏ္ဍန်တွေ

ဂုဏ်ယူပြီးရင်ခွင်ပိုက်ပြန်လာတာ နာကျင်ခြင်းတွေကို ပြည့်နေတာဘဲ * * *


* * * သိပ္ပံပညာအရ ဒီ "သုည "ဟာ စက်ဝိုင်းတစ်ခုဆိုရင်

ကျွန်တော်လည်ခဲ့ ပြီးပြီ"ဗဟို "ကိုရှာမတွေ့ တာ * * *

* * *ဒါဆို . . ."၀ "လုံးကို . . ."စ "ဖတ်တတ်ဖို့ ဆိုရင်ရော

ပြောချင်တာက လည်ပတ်မှုက ဘယ်က"စ "နေမှန်းကိုမသိတာ * * *


* * * ပျံ့ နှံ့ မှုအရ သီအိုရီဟာ ဘယ်နည်းစနစ် ဘယ်ဝါဒ

အဓိကမကျတဲ့  အကြိုက်တွေ့ ခြင်း သဘောထားမတိုက်ဆိုင်ခြင်းမျှသာ * * *

* * *သော့ခတ်ထားတဲ့  အနှစ်ချုပ် ရှိသေးရင် ...

အဓိက ကအသက်ရှင်တတ်ဖို့ ဘဲ "ဒါ "ဘ၀ရဲ့ အနုပညာ * * *

P.Sကျွန်တော်အသစ်ထွင်ရေးထားတဲ့ 
ကဗျာဟာတစ်ယောက်တည်းရဲ့ ခံစားချက်ဖြစ်ပေမဲ့ ဒီကဗျာအမျိုးအစားမှာခံစားချက်ကို လမ်းဖွင့်သူနှင့်
ခံစားချက်ကိုဖွင့်ဟသူအဖြစ် ကဗျာရေးသူတစ်ယောက်တည်းရဲ့ စိတ်ကိုနှစ်ကိုယ်ခွဲပြီးချပြ ထားတဲ့ပုံစံမျိုး
နဲ့ ရေးစပ်ထားတာပါ။ ကဗျာရေးသူဟာ ယေဘုယျအားဖြင့်ခံစားချက်အား တိုက်ရိုက်ရင်ဖွင့်ရေးစပ်လေ့
ရှိပြီးဒီကဗျာအမျိုးအစားမှာတဆင့်သွယ်ဝိုက်ရင်ဖွင့်ရေးစပ်ထားတဲ့ ပုံစံနဲ့  အသွင်သစ်အဖြစ်ရေးစပ်ထား
ပါတယ်။ ဒီကဗျာအမျိုးအစားကို POP ( Pioneer of Poem ) ( လမ်းသစ်ဖောက်သူရဲ့ ကဗျာ ) လို့ ကျွန်
တော်ကသတ်မှတ်လိုပါတယ်။ ဘလော့ကသူငယ်ချင်းများနဲ့ ကဗျာချစ်သူအပေါင်းကလည်းဝေဖန်အကြံ
ဥာဏ်လေးများပေးခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ အားလုံးကိုကျေးဇူးတင်လေးစားလျက် . . . . .

Viewing all articles
Browse latest Browse all 25

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...