Quantcast
Channel: မိုးစက်အိမ်
Viewing all articles
Browse latest Browse all 25

"အဓိပတိ လ၀န်း "

$
0
0

လေတံခွန်ကြီးတစ်ခုကို
ပိတ်ထားတဲ့အလင်းနဲ့ ဖွင့်ကြည့်တော့
ကမ္ဘာမြေကြီးမှာ
"အမှန်တရား "ဆိုတာ မွေးဖွားလာတယ် . . . . .

ကင်းဘတ်စပေါ်က ဆေးအစက်စက်က
"အဖြူတစ်ဝက် ""အမဲတစ်ဝက် "မို့ 
လူတွေရဲ့ စိတ်ဓာတ်ကို
မင်းအဓိပ္ပာယ်ဖတ်လို့ ရမှာမဟုတ်ဘူး . . . . .

အမည်မသိမှောက်ဖဲတစ်ချပ်အောက်
တိတ်တဆိတ် အိပ်စက်တတ်ဖို့ ဆိုရင်
လိမ္မာပါးနပ်တဲ့ နင့်မျက်ဝန်းစိုစိုတွေကို
ကိုယ့်ရင်ခွင်ထက် ကွန်းခိုတတ်ကြပါစေ . . . . .

ချစ်သူရေ . . .
လောကဓံ ဆိုတာ
လေကြို လေကြားက
သစ်ရွက် သစ်ခက်လောက်ပါဘဲ
"နောက်မဆုတ်ကြေး "
ဖူးပွင့်ကြရုံပေါ့ . . . . .

ချောက်ကမ်းပါးအောက်က
ကြယ်သိမ် ကြယ်မွှားတွေတိုက်ခိုက်လို့ 
တံလျှပ်ဆိုတာနွေမှာထွက်ရင်တောင်
တို့ တွေသုံးရာသီလုံးပြုံးနေကြအုံးမယ် . . . . .


Viewing all articles
Browse latest Browse all 25

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...